မန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့ ဂျပန်နိုင်ငံ All JAPAN JUDO FEDERATION မှ JUDO For Tomorrow အစီအစဉ်အရ ဂျူဒို မြက်ဖျာများလှူဒါန်းပွဲအခမ်းအနား

"၂၄.၅.၂၀၁၉ သောကြာနေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့ ဂျပန်နိုင်ငံ All JAPAN JUDO FEDERATION မှ JUDO For Tomorrow အစီအစဉ်အရ ဂျူဒို မြက်ဖျာများလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်၌ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Consular Ms.Tomoko YOSHIHIRO က မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့ဂျူဒိုမြက်ဖျာ များ လှူဒါန်းခြင်းနှင်ပါတ်သက်၍ရှင်းလင်း ပြောကြားခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဌဦးထွန်းထွန်း မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက်ဂျူဒိုမျက်ဖျာများအား All Japan Judo Federation ကိုယ်စား Consular Ms.Tomoko YOSHIHIRO မှ အဖွဲ့ချုပ်ဥက္ကဌဦးထွန်းထွန်းသို့ပေးအပ် လှူဒါန်းခဲ့ပြီး မှတ်တမ်းလွှာများ အပြန်အလှန်ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ခဲ့ကြ ပါသည်။ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဦးမြသန်းထိုက် ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယ ကျောင်းအုပ်ကြီး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့်ဂျပန် ဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ်္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဒုဥက္ကဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့်တာဝန်ရှိ သူများ၊ Old Judoka အဖွဲ့ဝင်များ၊ လက်ရွေးစင်ဂျူဒိုအားကစားသမားများ၊ တက္ကသိုလ်ဂျူဒိုကလပ်များမှကိုယ်စား လှယ်များတက်ရောက်ခဲ့ကြပါသည်။ Ustl(mjf)